သပိတ်ကျင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) စာဖတ်ဝိုင်းဆေးနွေးပွဲပြုလုပ်

သပိတ်ကျင်း ဒီဇင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများမှ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက်(၁၀)နာရီ က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် နိုဝင်ဘာ (၁၅) ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ(၁၈) အမှတ် (၂၂) တွင် ပါရှိသည့် စာရေးဆရာ မင်းသန်းနိုင်ရေးသားသော မြန်မာ့ဓလေ့ မြန်မာ့ပုံရိပ်ကို ဖော်ကြူးသည့် တန်ဆောင်မုန်းလနှင့် အလှူကထိန်ပွဲ၊ စာရေးဆရာအောင်ဆန်း(စိုက်ပျိုးရေး) ရေးသားသည့် သီးနှံများ အရည်အသွေး ကျဆင်းစေရန် လွှမ်းမိုးနေသည့် အချက်များအား ဖယ်ရှားရန်စီမံခြင်းများ ပါဝင်သည့် အကြောင်းအရာများနှင့် ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင် အသိပညာများကို ဝန်ထမ်းများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် ဝန်ထမ်းများအနေဖြင့် စာပေဖတ်ရှု့သည့်အလေ့ကောင်းများရရှိရေး၊ အသိပညာ ဗဟုသုတများ တိုးပွားစေရေးနှင့် စာပေချစ်မြတ်နိုးသူများအချင်းချင်း ချစ်ခင်ရင်နှီးမှုရရှိစေရေးအတွက် ရည်ရွယ်လျက် ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း သိရသည်။

စိုးနိုင်ဝင်း (သပိတ်ကျင်း)