မောင်တော ဒီဇင်ဘာ ၁၀
ရခိုင်ပြည်နယ် မောင်တောမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာ ပေးခြင်းများကို ယနေ့ နံနက် ၉ နာရီ အချိန် လမ်းဆုံ ၊လမ်းခွများတွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် အမှတ်(၂၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မောင်တော)မှ တပ်ဖွဲ့စုမှူး တပ်ကြပ်ကြီး အောင်မြင့်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ကျော်ဦးနှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ မော်တော်ယာဉ်၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ် မောင်းနှင်း သူများ အနေဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေများ အရ ဆိုင်ကယ် မောင်းနှင်ရာတွင် ရှေ့မီးအနှိမ့်ကို နေ့/ည အချိန်တိုင်းတွင် ဖွင့်၍မောင်းနှင်းကြရန်၊ ခိုင်ခံ့ကောင်းမွန်သည့် ဆိုင်ကယ်စီးဦးထုပ်များ ဆောင်းကြရန်၊ မော်တော် ယာဉ်မောင်းနှင်သူများ ထိုင်ခုံခါးပတ် တပ်ဆင်ကာ မောင်းနှင်းကြရန် စသည့် ယာဉ်/လမ်း စည်းကမ်းများကိုသိရှိ လိုက်နာနိုင်ရေးအတွက် မြို့ပေါ် လမ်းဆုံ၊ လမ်းခွများတွင် အသိပညာပေး ပြောကြားခြင်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)