မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူ ကျောင်းသားဦးရေ ပေါင်း ၅၉၀၀ ကျော်ရှိပြီဖြစ်

မင်းဘူး ဒီဇင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများကို ဒုတိယအကြိမ် အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ ကျောင်းသား ဦးရေပေါင်း (၅၉၀၀) ကျော်ရှိပြီဖြစ်ကြောင်း  မြို့နယ် ကိုဗစ်ကော်မတီထံမှ သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ဒီဇင်ဘာ ၉ ရက်နေ့က မင်းဘူး အ.ထ.က(၁)၊ စကု အ.ထ.ကနှင့် မုန်တောင်ကျေးရွာ အ.ထ.ကကျောင်းတို့တွင် ကျန်းမာရေးဝန်ထမ်းများ၊ ထွေ/အုပ် ဝန်ထမ်းများ၊ ကျောင်းဆရာ/ဆရာမများနှင့် စေတနာ့ဝန်ထမ်းများက ကိုဗစ်ကာကွယ်ဆေး များကို ဒုတိယအကြိမ် အဖြစ် သုံးနေရာခွဲပြီး ထိုးနှံပေးခဲ့ကြောင်း၊ ဆေးထိုးရန်ကျန်ရှိနေသည့် ကျောင်သားများကိုလည်း သတ်မှတ်ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။

မင်းဘူး(စကု)မြို့နယ်အတွင်း၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်အဖြစ် (၆၀၉၇)ဦး ထိုးနှံပေးခဲ့ပြီး ယနေ့အထိ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ ကျောင်းသားဦးရေ ပေါင်း (၅၉၀၈)ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)