မွန်ပြည်နယ်တွင် ကိုယ်ကာယကြံ့ခိုင်မှုရှိစေရေး စုပေါင်းလေ့ကျင့်ခန်း ဆောင်ရွက်
Dec 12,2021
မွန်ပြည်နယ်တွင် လူထုအားကစားလှုပ်ရှားမှုလအဖြစ် ဒီဇင်ဘာဒုတိယပတ် ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်းစုပေါင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၆ နာရီက မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်၊ ကမ်းနားလမ်း ရေပေါ်ညဈေးနေရာတွင် ကျင်းပခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးတင်ချယ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာများ၊ အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။