ကလော ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ကလောမြို့နယ် ကိုယ်စားပြု လူရွေးချယ်ယှဉ်ပြိုင်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၈) နာရီခန့်က ကလောမြို့နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြေးခုန်ပစ်ပြိုင်ပွဲတွင် မြို့နယ်အားကစားနှင့် လူငယ်ရေးရာဦးစီးဌာနမှ အားကစားမှူး ဒေါ်ကျော့ကေခိုင်ထွန်းက ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးအသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မီတာ (၁၀၀) ကျား /မ (ငယ်) ၊ မီတာ(၁၀၀) ၊ မီတာ(၂၀၀) ၊ မီတာ(၄၀၀) ကျား / မ (ကြီး )၊ သံလုံးပစ် ကျား / မ နှင့် အလျားခုန် ကျား / မ ပြိုင်ပွဲများ ကျင်းပခဲ့ရာ ကလောမြို့နယ်ရှိ အ.ထ.က ၊ အ.ထ.က (ခွဲ) ကျောင်းများမှ အသက် (၁၈) နှစ်အောက် ကျောင်းသား/ကျောင်းသူများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား မြို့နယ်အားကစားမှူး ဒေါ်ကျော့ကေခိုင်ထွန်းနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့် ခဲ့ကြပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းများအား အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)