ပြည်ကြီးမဏ္ဍိုင် ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဒီဇင်ဘာ(၁၀)ရက်နေ့က ဈေးရောင်း/ဈေးဝယ်များနှင့် စာသင်ကျောင်းများ ပုံမှန်လည်ပတ်လျက် မြို့နေပြည်သူများ ပုံမှန်သွားလာလှုပ်ရှားမှုလျက်ရှိသည်။
ပြည်ကြီးမဏ္ဍိုင်မြို့ရှိ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ကုန်ပစ္စည်း ရောင်းချသည့်ဆိုင်များမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းများ ကျဆင်းလာသည့်အတွက် နိုဝင်ဘာလ(၁)ရက်နေ့မှ စတင်၍ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
၎င်းအပြင် အသက်(၁၂)နှစ်အထက်ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့် အညီ သင်ကြားပို့ချလျက်ရှိရာ ကျောင်းသား / ကျောင်းသူများပုံမှန်တည် ငြိမ်အေးချမ်းစွာပညာသင် ကြားလျက်ရှိကြောင်း သိရသည်။