တောင်ဥက္ကလာပမြို့နယ်တွင်ဦးစား ပေးဦးတည်အုပ်စုများအလိုက်ပြည်သူများအား ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးသူများအားဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး

တောင်ဥက္ကလာပ ဒီဇင်ဘာ ၁၁

 ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ဦးစားပေးဦးတည်အုပ်စု များအလိုက်ပြည်သူများကို ယမန်နေ့ နံနက်(၉)နာရီ အချိန်မှစတင်၍သတ်မှတ်စုရပ်နေရာ အသီးသီးတို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီး သူများအားဒုတိယ အကြိမ်ဆက်လက်ထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးဖြစ်သည့် တရုတ်နိုင်ငံထုတ် Sinophram အမျိုးအစားကာကွယ်ဆေးကိုမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှဝန်ထမ်းများကဦးစားပေးဦးတည်အုပ်စုအလိုက်ပြည်သူများကိုစုရပ်များခွဲ၍ကာကွယ်ဆေး ထိုးပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်မြတ်မိုးနှင့်အဖွဲ့၀င်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များမှ လာရောက်၍လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးကြောင်းသိရသည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းတွင် ရပ်ကွက်(၁၃)ခုရှိပြီး ဦးစားပေးဦးတည်အုပ်စုအလိုက် ပြည်သူများကို အမှတ်(၁၀)ရပ်ကွက်ရှိ ဟေမဝန်ဓမ္မာရုံ၊အမှတ်(၁၄)ရပ်ကွက်ရှိ မုနိဓမ္မာရုံ၊ အမှတ် (၁၁)ရပ်ကွက်ရှိသာသနာ့ဟိတဓမ္မာရုံ၊အမှတ်(၄)ရပ်ကွက်ရှိလူထုဓမ္မာရုံနှင့်အမှတ်(၆)ရပ်ကွက်ရှိကျန်းမာရေးဦးစီးဌာနတို့တွင်စုရပ်(၅) နေရာခွဲ၍ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများဆက်လက် ထိုးနှံပေးကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)