ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည် ပြိုင်ပွဲများကျင်းပ

ဘုတ်ပြင်း   ဒီဇင်ဘာ   ၁၀     

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်  ၁၀ နာရီက ကျောင်းသား/ကျောင်းသူ ကလေးငယ်များ အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည် ပြိုင်ပွဲများကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ကလေးငယ်များ စာဖတ်သည့်အလေ့အထများ ရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင်စုပေါင်းဆောင်ရွက်သည့် အလေ့အထများရရှိစေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့်ရင်းနှီးမှုရရှိပြီး အသိပညာဗဟုသုတများရရှိ စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။

အဆိုပါ ပြိုင်ပွဲများတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ရုပ်ပုံဆက်ပြိုင်ပွဲ ၊ အိမ်ဆောက်ပုံအရုပ်ဆက်ပြိုင်ပွဲ များကို ပြုလုပ်ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)