ဒေသခံတောင်သူများ စိုက်ပျိုးသည့် ဆင်းဧကရီ-၃ စပါးစိုက်ခင်းအား စံကွက်သတ်မှတ်ရိတ်သိမ်း
Dec 13,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ဒေသခံတောင်သူများအနေဖြင့် မိရိုးဖလာစိုက်ပျိုးလာ ကြသည့် စပါးမျိုးများကို စိုက်ပျိုးလေ့ရှိရာ ဖောင်းပြင်မြို့၊ ကျွန်းရွှေဝါရပ်ကွက်၊ တောင်သူ ဦးစန်းဟန် ကွင်းအမှတ် ၃၆၇၌ စိုက်ပျိုးထားသည့် အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့် ဆင်းဧကရီ-၃ စ ပါးစိုက် ခင်းအား စံကွက်သတ်မှတ်၍ ယနေ့နံနက်ပိုင်းက ရိတ်သိမ်းပြသခဲ့ကြောင်းသိရသည်။