ဒေသခံတောင်သူများ စိုက်ပျိုးသည့် ဆင်းဧကရီ-၃ စပါးစိုက်ခင်းအား စံကွက်သတ်မှတ်ရိတ်သိမ်း

ဖောင်းပြင် ဒီဇင်ဘာ ၁၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ဒေသခံတောင်သူများအနေဖြင့် မိရိုးဖလာစိုက်ပျိုးလာ ကြသည့်  စပါးမျိုးများကို စိုက်ပျိုးလေ့ရှိရာ ဖောင်းပြင်မြို့၊ ကျွန်းရွှေဝါရပ်ကွက်၊ တောင်သူ ဦးစန်းဟန် ကွင်းအမှတ် ၃၆၇၌ စိုက်ပျိုးထားသည့် အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့် ဆင်းဧကရီ-   ပါးစိုက် ခင်းအား စံကွက်သတ်မှတ်၍ ယနေ့နံနက်ပိုင်းက ရိတ်သိမ်းပြသခဲ့ကြောင်းသိရသည်။

ထိုသို့ရိတ်သိမ်းခဲ့ရာ( ဒသမ၆)ပေရှိ စံကွက်ငယ်သတ်မှတ်ရိတ်သိမ်းခဲ့ရာ နို့ဆီဗူး( ၁၀ ဒသမ )ဗူးထွက် ရှိခဲ့ခြင်းကြောင့် စပါးအစိုအထွက်နှုန်း တစ်ဧက ၈၂တင်းထွက်ရှိကြောင်းသိရသည်။

ယင်းကဲ့သို့ စံကွက်သတ်မှတ်ရိတ်သိမ်းခြင်းသည် တောင်သူများအနေဖြင့် မိရိုးဖလာစပါးမျိုး စိုက်ပျိုး ခြင်းနှင့် မျိုးကောင်းမျိုးသန့်စပါးမျိုးများ စိုက်ပျိုးကြရာတွင် စပါးအထွက်နှုန်းကွာခြားချက်များကို သိရှိ လိုသည့် ရည်ရွယ်ချက်များဖြင့် စမ်းသပ်ရိတ်သိမ်းရခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ရှိ သူထံမှသိရသည်။

အဆိုပါ စံကွက်ရိတ်သိမ်းခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒုတိယဦးစီးမှူး ဦးအောင်မင်းသူနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ့ရေးနှင့်မြေစာရင်းဦးစီးဌာနက ​မြေစာရင်းကွင်းတာဝန်ခံ ဦးဝင်းထွဋ်နှင့် တောင်သူများ ရိတ်သိမ်းခဲ့ကြကြောင်းသိရသည်။

ဖောင်းပြင်မြို့နယ်မှ တောင်သူအများစုသည် ယခင်မိုးစပါးစိုက်ပျိုးရာသီများက ရက်တစ်ရာစပါး၊ ငွေ တိုး၊ ဗြတ်ဂွ၊ ဂျပန်၊ရွက်သေး၊ ရွှေမန်း၊ ကောက်ညှင်းစပါးတို့ကို အများဆုံးစိုက်ပျိုးကြပြီး ယခုမိုးစပါး စိုက်ပျိုးရာသီတွင် ဧရာမင်း၊ ဆင်းဧကရီ-၃နှင့် ဆင်းသုခ စပါးမျိုးများကိုလည်း ထည့်သွင်းစိုက်ပျိုးလာ ကြကြောင်း တောင်သူများထံ မှသိရသည်။

ကိုထွန်း(ဖောင်းပြင်)