သတင်းများ

ပင်လောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းအိုမီခရွန်(Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် လိုက်လံနှိုးဆော်
Dec 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀နာရီအချိန်က ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့်လိုက်လံနှိုးဆော်ခဲ့သည်။
(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Dec 13,2021
(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းက ဓညဝတီဂေါက်ကလပ် ဂေါက်သီးရိုက်လေ့ကျင့်ရေးကွင်း၌ ကျင်းပသည်။
ဒိုက်ဦးမြို့နယ်၌ ကိုဗစ်-၁၉​ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်
Dec 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြည်သူများအား ယနေ့နံနက် ၉နာရီအချိန်မှစတင်၍ ဒိုက်ဦးမြို့နယ် စည်ပင်သာယာခန်းမ၌ ကိုဗစ်ကာကွယ်​ဆေး ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူများနှင့် ကာကွယ်ဆေး လုံးဝမထိုးရသေးသူများအား ပထမအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေသည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် ပတ်သက်သည့် ဟောပြောပွဲကျင်းပပြုလုပ်
Dec 13,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်မြို့နယ် ပေါင်းတလည်မြို့သဒ္ဓမ္မမဥ္ဇီ ကျောင်းတိုက် ဓမ္မရုံ၌ ယနေ့ နံနက် ၁၀ နာရီက  ပြည်မြို့နယ် ပေါင်းတလည်မြို့ အပါအဝင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးလက်နေပြည်သူများ အင်အား(၄၀)ခန့် တက်ရောက်ခဲ့ကြ သည်။
ကျိုက်ဒုံမြို့၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်း စရာများ (Talk Show) ဆွေးနွေးပွဲ
Dec 13,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် နေ့လယ် ၁၁ နာရီက ကိုဗစ်-၁၉ ရောဂါ အကြောင်း သိကောင်း စရာများ (Talk Show) ဆွေးနွေးပွဲ ကျင်းပသည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန( Community Centre) တွင် ကျောင်းသား/ကျောင်းသူများ ကာယဉာဏ ဖွံ့ဖြိုးစေရန်အတွက် အားကစားလှုပ်ရှားမှုပြိုင်ပွဲများကျင်းပ
Dec 13,2021
ကရင်ပြည်နယ် ဘားအံမြို့တွင် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့် မားလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍  အားကစားလှုပ်ရှားမှု ပြိုင်ပွဲများကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဘားအံခရိုင်လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ဆောင် ရွက်ခဲ့ကြောင်းသိရှိရသည်။
မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Dec 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်ခန့်က မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခဲ့သည်။