စစ်ကိုင်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး Talk Show ကျင်းပ

စစ်ကိုင်း ဒီဇင်ဘာ ၁၃

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အမှတ်(၁၀၆) ယာဉ်ထိန်း တပ်ဖွဲ့စုမှူးရုံးတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး Talk Show ကျင်းပ ဆောင်ရွက်ခြင်းကို စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြု လုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Talk Show ကျင်းပ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်အောင်ထွေးက ရှင်းလင်း ပြောကြားပြီး အမှတ်(၁၀၆) ယာဉ်ထိန်းတပ်ဖွဲ့စုမှူး၊ ဒုတိယရဲမှူး ကျော်စိုးလွင်က ယာဉ်အန္တရာယ် ဖြစ်ရခြင်းကတော့ အဓိကအားဖြင့် လူကြောင့်၊ ယာဉ်ကြောင့်၊ လမ်းအနေအထားကြောင့်၊ ရာသီဥတုကြောင့် ဖြစ်တယ်လို့ အဓိကသုံးသပ်ရပါတယ် ဒီအထဲမှာမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာနိုင်ကြတဲ့ လူတွေကြောင့် ဖြစ်တာက တော်တော် ရာခိုင်နှုန်းများပါတယ်လို့ သုံးသပ်မိကြောင်း၊ ဒါကြောင့် ပြည်သူတွေ အနေနဲ့ ခရီးသွားလာကြတဲ့အခါ သက်မှတ်စည်းကမ်းတွေကို လိုက်နာ သွားကြဖို့လိုကြောင်း စသည်ဖြင့် ဦးဆောင် ဆွေးနွေးပြောကြားခဲ့သည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းလာသည်နှင့် ပြည်သူများ အသိပညာဗဟုသုတများ တိုးပွား ရရှိနိုင်စေရန် စာအုပ်များ ငှားရမ်းခြင်း၊ ကလေးငယ်များအား ပုံပြော၊ ကဗျာရွတ်၊ စကားဆက် ပြိုင်ပွဲများ ကျင်းပပြု လုပ်ပေးခြင်းနှင့် ယခုလို Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်