စုကလိမြို့တွင် မီးဘေးလုံခြုံရေး တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်
Dec 13,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့ တွင် နွေရာသီရောက်ရှိလာပြီးဖြစ်သဖြင့် ပေါ့ဆမီး၊ မီးဖို ချောင်မှတစ်ဆင့်မီးလောင်ကျွမ်းခြင်း၊ တောမီးလောင်ခြင်း များကြောင့် မီးလန့်မှုများ မဖြစ်ပေါ် စေရေးတို့ကို အသိပညာပေးဆောင်ရွက်သည့်အနေဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ စုကလိမြို့ သန္တေမီးသတ်ဦးစီးဌာနမှ တာဝန်ခံတပ်ကြပ်ကျော်သူမိုးမှ ဦးဆောင်၍ စုကလိမြို့ နေအိမ်များ နှင့် စျေးဆိုင်ခန်းများအား ယနေ့နံနက် ၁၀ နာရီအချိန်က တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး ခြင်းကိုဆောင်ရွက်ခဲ့သည်။