ရေနံချောင်း ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးနှင့် ရတနာဈေးတို့တွင်ရောင်းချလျက်ရှိသော စျေးဆိုင်ခန်းများအား မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အတွက် ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရှိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင်ရေနံချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရံမီးသတ် တပ်ဖွဲ့ဝင်များ ၊ ရေနံချောင်းမြိုနယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ ၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ရုံးဝန်ထမ်းများ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ နှင့် မြို့မဈေး နှင့် ရတနာဈေးတို့မှ ဈေးကော်မတီဝင် အဖွဲ့ဝင်များက ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြကြောင်း သိရှိရ သည်။
ငြိမ်းငြိမ်းအိ