ချောက်၌ စာပေဗဟုတများကို ဆွေးနွေးတက်သည့် အလေ့အကျင့် ရရှိစေရန် စာဖတ်ဝိုင်း ကျင်းပ
Dec 13,2021
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာကြည့်တိုက်သို့ လာရောက်သည့် စာပေဝါသနာရှင် လူငယ်များဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်သည့် အလေ့အထများ ရရှိစေရန် ဉာဏ်ရည် ထက်မြက်ပြီး စာပေဗဟုသုတများကို ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပပြု လုပ်ခဲ့သည်။