ကံမမြို့နယ်စည်ပင်သာယာမြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးငြိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ကံမ  ဒီဇင်ဘာ  ၁၃

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအား ပွင့်လင်းရာသီ ကာလ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးငြိမ်းသတ်ခြင်း သရုပ်ပြဇာတ် တိုက် လေ့ကျင့် ခြင်းကို ဒီဇင်ဘာ ၁၂ ရက် ညနေ ၃ နာရီက အဆိုပါ မြို့မစည်ပင်သာယာဈေး၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင် ကာကွယ်ရေးဆောင်ရွက်ရမည့် အချက်များ၊ မီးလောင်မှုဖြစ်ပွားပါက အရေးပေါ်မီးငြိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေး ဘူးစီစဉ်ဆောင်ရွက်ထားရှိရေး နှင့် မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုနည်းများကို အသိပညာပေးရှင်းလင်းပြီး လက်တွေ့ သရုပ်ပြခြင်း ၊ မီးသတ်ယာဉ် (၂)စီး၊ စည်ပင်သာယာရေး အဖွဲ့ပိုင်ရေသယ်ယာဉ်တစ်စီးနှင့် ဈေးအတွင်း အသင့်တပ်ဆင်ထား သည့် မီးသတ်ဒိုင်းရှင်းစက် (၂) လုံးတို့ဖြင့်ဇတ်တိုက်လေ့ကျင့်မှုများပြုလုပ်ခဲ့သည်။

အဆိုပါမီးဘေးဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်း နှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ဈေးကော်မတီနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ကျော်ဇေယျဝင်း(ကံမ)