အမာ ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင်ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသော အသက်(၁၈)နှစ် အထက်ပြည်သူများအား ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က အမာမြို့ ၊(၁)ရပ်ကွက်ရှိ တိလောကအောင်တော်မူသာသနာ့ဗိမာန်တော် ကြီးတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယနေ့ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးခြင်းကို ပထမအကြိမ်ထိုးနှံပြီးသော ပြည်သူ(၃၀၀)ဦးခန့်အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ ကျန်းမာရေးဝန်ထမ်းများကထိုးနှံပေးနေမှုကို အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စနစ်တကျ ဆေးထိုးနိုင်ရန်လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိ ရသည်။
အမာ (ပြန်/ဆက်)