ဓနုဖြူ ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အ.ထ.က(၂)ရွှေကူကျောင်း၌ ယနေ့မှစ၍ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်းတွင်းပြိုင်ပွဲများ ကျင်းပလျက်ရှိသည်။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများကျင်းပရာတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအား မီတာ ၅၀ အာလူးကောက်ပြိုင်ပွဲ၊ မီတာ ၅၀ ပူပေါင်းဖောက်ပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်ပြိုင်ပွဲ၊ လွန်ဆွဲပွဲ၊ ထုတ်စည်းတိုးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများ ကျင်းပပြီး ဆုရရှိသူများအား လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုချီးမြှင့်ပေးမည် ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)