မိုင်းခုတ် ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေဝါသနာပါသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကလေးငယ်များအတွက် အသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေးအစီအစဉ်များကို ရိုက်ကူးကာ ပြည်သူ့စာကြည့်တိုက် Facebook Page တွင် လွှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဒေါ်ယဉ်ယဉ်ဝင်းက စာပေဝါသနာရှင်များအတွက် အသိပညာဗဟုသုတ တိုးပွားစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စာဖတ်သည့်အလေ့ အကျင့် ဖြစ်စေရန် ရည်ရွယ်၍ စာရေးဆရာ ပီမိုးနင်း၏ ''ကမ္ဘာ့မင်တန်''စာအုပ်ဖြင့် စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေဝါသ နာရှင်များအတွက် အသိပညာဗဟုသုတ တိုးပွားစေရန် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း စသည့်အသိပညာပေးအစီအစဉ်များကို ရိုက်ကူးတင်ဆက်ပေးလျက်ရှိသည့်အပြင် အပတ်စဉ် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များအား လှည့်လည်ငှားရမ်း ပေးလျက်ရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)