ဖာပွန်မြို့လူထုအခြေပြု ဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ဖာပွန် ဒီဇင်ဘာ  ၁၅

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုး သူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ ကျော်ကျော်လှိုင်ရေးသားသည့် "ပျော်ရွှင်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့‌နေ့လယ်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖာပွန်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်ထွန်းက စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာဖတ်ရှိန်မြင့်မားလာစေရန်နှင့် စာပေအကြောင်းအရာများကို အပြန်အလှန် နှီးနှောဖလှယ်နိုင်စေရန်ရည်ရွယ်၍  စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် တစ်ဦးက စာအုပ်စာစောင်များကို လူငယ်တွေပဲဖတ်ဖတ်၊ လူကြီးတွေပဲ ဖတ်ဖတ်နည်းနည်းဖတ်ပြီး များများတွေးဖို့ လိုအပ်ကြောင်း၊ ပျော်ရွှင်မှုကိုပိုင်ဆိုင်သူများသည် အခက်အခဲ ပေါင်းများစွာကို ကျော်လွှားနိုင်သူဖြစ် ကြောင်း၊ ပျော်ရွှင်မှုပိုင်ဆိုင်သူများသည်လည်း ဘ၀တွင်စီးပွား‌ရေး ကျဆင်းတာ တွေငွေကြေးဆုံးရှုံးမှုတွေ ကျန်းမာရေးချို့တဲ့တာတွေ အစရှိသဖြင့် တွေ့ကြုံရကြောင်း၊ ဒီအခြေအနေ ကြုံတွေ့ရတဲ့အခါ လက်‌မြောက်အရှုံးပေးလို့မရကြောင်း၊ ရဲရဲရင်ဆိုင်ရန်စိတ်ဓါတ်ခိုင်မာရမည်ဖြစ်ကြောင်းတို့ကို အသီးသီးဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော စာအုပ်စာပေချစ်ပရိသတ်များ၊ စာပေဝါသနာရှင်များက သိရှိလိုသည်များကို မေးမြန်းကြကာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။အဆိုပါ စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)