ပန်းတနော် ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၁၃ မှ ၂၀၂၀ အထိ မိုး/ ဆောင်း စိုက်ပျိုးရေးစရိတ်ချေးငွေများ ပေးဆပ်ရန် ကျန်ရှိသည့် တောင်သူများ ချေးငွေပြန်လည်ပေးဆပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၌ ၂၀၁၃ မှ ၂၀၂၀ အထိ မိုး/ ဆောင်း စိုက်ပျိုးရေးစရိတ်ချေးငွေများ ပေးဆပ်ရန် ကျန်ရှိသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဘဏ်အတွင်းရေးမှူး စုစုပေါင်း( ၄၂)ဦးမှ စိုက်ပျိုးရေးစရိတ်ချေးငွေကျပ်သိန်း (၃၅၀) အား ပြန်လည်ပေးဆပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ ဆက်)