ရမ်းဗြဲမြို့နယ်၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပ

ရမ်းဗြဲ   ဒီဇင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့တွင်ကျရောက်သည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့ နံနက်(၇)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ  ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ယင်းနောက် အထက(ပလုပ်တောင်)နှင့် အထက(မြို့မ)ကျောင်းမှ ကျောင်သူများမှ ရခိုင်ရိုးရာ ယိမ်းအက တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများ ကို တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိ/မြို့ဖများ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

တင်ထွန်းဦး၊ဖြိုးဝေလင်း (ပြန်/ဆက်)