ရွှေဘိုမြို့တွင် စက်ရုံ/အလုပ်ရုံများ မီးဘေးအန္တရာယ်လုံခြုံရေအား အပတ်စဉ် ကွင်းဆင်း စစ်ဆေးလျက်ရှိ

ရွှေဘို ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် စက်ရုံ/အလုပ်ရုံများ မီးဘေးအန္တရာယ်လုံခြုံရေးအား အပတ်စဉ် ကွင်းဆင်း စစ်ဆေးလျက်ရှိကြောင်း ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး ဦးအေးမြင့်ထံမှ သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး ဦးအေးမြင့် ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင်များမှ စက်ရုံ/အလုပ်ရုံများတွင် လျှပ်စစ်ကြိုးသွယ်တန်းရာတွင် စံချိန်စံညွှန်း ပြည့်မီသော လျှပ်စစ်ကြိုးများကို အသုံးပြုရန်ကို လည်ကောင်း၊ မီးသတ်ဆေး ဘူးများကိုလည်း (၄၈)ပေအကွာတွင် တစ်လုံးနှုန်း ထားရှိရန် လည်ကောင်း၊ စက်ရုံ/အလုပ်ရုံ အတွင်းအပြင် မီးလန့်အချက်ပေးစနစ်များ၊ မီးထောက်လှမ်းရေး စနစ်များထားရှိရန် လည်ကောင်း၊ မီးသတ်ရေလှောင်ကန်များတွင် ရေများဖြည့်ဆည်း ထားရန်လည်ကောင်း၊ အပေါ့စား မီးသတ်စက်များ ထားရှိပြီး ဝန်ထမ်းများ ကျွမ်းကျင်စွာ အသုံးပြု တတ်စေရန်နှင့် မီးသတ်ယာဉ်များ အလွယ်တကူ ဝင်ထွက်နိုင်ရေး လမ်းများထားရှိရေး ကွင်းဆင်း စစ်ဆေးခဲ့သည်။

ရွှေဘိုမြို့တွင် စက်မှုဇုန်အတွင်းတွင် စက်ရုံ/အလုပ်ရုံ(၈၃)ရုံရှိပြီး စက်မှုဇုန် ပြင်ပတွင် စက်ရုံ/အလုပ်ရုံ (၄၇)ရုံရှိကြောင်းနှင့် မြို့နယ်အတွင်း မီးလောင်မှု မီးလန့်မှုများ မဖြစ်ပေါ်စေရန်အတွက် တစ်အိမ်တက်ဆင်း မီးသုံးစွဲမှု စစ်ဆေးအကြုံပြုခြင်းများနှင့် မီးသတိပေး လှည့်လည်ဆော်ဩခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်မီးသတ် ဦးစီးမှူးမှ ပြောကြားသည်။

ခရိုင်(ပြန်/ဆက်)