ပုဗ္ဗသီရိ ဒီဇင်ဘာ ၁၅
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်း၊ စာရေးဆရာ စိန်ဝင်းနွယ်(ဘာသာပြန်)နှင့် စာရေးဆရာ ရဲမွန်ကျော်တို့က တိုင်းရင်းသားအားလုံး စုပေါင်းပြီး ကိုယ့်ထီးကိုယ့်နန်းကို ပြန်လည်သိမ်းပိုက်ပုံအကြောင်း၊ မျိုးချစ်သူရဲကောင်းတိုင်းရင်းသားများကအမျိုးမာန်မချ လက်မမြှောက်ဘဲ တိုက်ပွဲ အသီးသီး ဝင်ခဲ့ကြပုံအကြောင်း၊ နယ်ချဲ့ဆန့်ကျင်ရေးတွင် ဆင်နွှဲခဲ့ကြသော မျိုးချစ်သူရဲကောင်းများ အကြောင်း၊ ဘိုးဘွားတို့ပေးအပ်ခဲ့သော လွတ်လပ်ရေးအမွေကို အနာဂါတ် မျိုးဆက်သစ်တို့က ကောင်းမွန်စွာထိန်းသိမ်းရှောက်ဖို့လိုကြောင်း ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိ ပညာ ဗဟုသုတများ ရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)