ရွှေကျင်မြို့နယ် ဒိုးပင်ကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇ‌ပြောင်း အိုမီခရွန် ရောဂါကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

ရွှေကျင် ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် ဒိုးပင်ကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော် မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဒိုးပင်ကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွနေရာများတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်/ ဆောင်းဘောက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေး နှိုးဆော်ရာတွင် လက်ရှိအခြေနေ၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါသည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှု အများဆုံးနှင့် စိုးရိမ် ရသည့်မျိုးကွဲသစ်ဖြစ်သည့်အတွက် ရွှေကျင်မြို့နယ်အတွင်း ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘ ပြည်သူများအနေဖြင့် အတတ် နိုင်ဆုံးမိမိတို့၏ နေအိမ်အတွင်းမှာသာ နေထိုင်ကြပါရန်၊ လူစုလူဝေးကို ရှောင်ကြဉ်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင် သွားလာကြရန်၊ လက်ကို မကြာခဏ ဆေးကြောသန့်စင်ရန်၊ အခြားသူများနှင့်အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေကြပါရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်းများ စကားပြောဆိုခြင်းများ ‌ရှောင်ကြဉ်ကြပါရန်၊ ပစ္စည်းတစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် ၂၀ ကြာအောင် စနစ်တကျ လက်ဆေးပါ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း ထိတွေ့ခြင်းများမပြုလုပ်ရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများကိုရှောင်ရန်၊ မိမိတို့၏နေအိမ်များကို ပြတင်းတံခါးများဖွင့်ထားပြီး လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ကြပါရန်၊ စသည့်လိုက်နာ ရမည်အချက်များ ရှောင်ကြဉ် ရမည့် အချက်များနှင့်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားရှိသည့် ညွှန်ကြားချက် များအား ပြည်သူများ သိရှိလိုက် နာဆောင်ရွက်နိုင်စေရန် အသံချဲ့စက်/ ဆောင်းဘောက်ဖြင့် လိုက်လံ အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်းသိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)