နောင်ချို ဒီဇင်ဘာလ ၁၅ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဇာတ်လမ်းနှင့် သရုပ်ဖော်-နေခြည်၏ “ငြိမ်းချမ်းခြင်းဂေဟာ” စာအုပ်ဖြင့် ပုံပြောအစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မြို့နယ်ရုံး စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူ၊ သားငယ်၊သမီးငယ်လေးများအတွက် စာပေဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက Oline မှ တစ်ဆင့် သုတ၊ ရသ စာအုပ်မိတ်ဆက် အစီအစဉ် ၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြောခြင်း အစီအစဉ်၊ ကဗျာလေးတွေ ရွက်ကြမယ် အစီအစဉ်၊ စက္ကူအရုပ်ခေါက် အစီအစဉ်များကိုစဉ်ဆက်မပြတ် နောင်ချို ပြည်သူ့စာကြည့် တိုက် Page မှတစ်ဆင့် တင်ဆက်
ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်၊ (ပြန်/ဆက်)