မော်လမြိုင်မြို့တွင် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပေး

မော်လမြိုင်         ဒီဇင်ဘာ          

ပွင့်လင်းရာသီကာလဖြစ်၍  ပြည်သူလူထုအတွင်း  မီးသုံးစွဲရာတွင်      ပေါ့ဆမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်  သတိပြုနိုင်ကြရန်ရည်ရွယ်၍  မီးဘေးအန္တရာယ်အသိပညာပေးခြင်း၊မီးသတ်ဆေး ဘူအသုံးပြုနည်း နှင့် လက်တွေ့ မီးငြှိမ်းသတ်နည်း သရုပ်ပြပေးခြင်းတို့ကို ယနေ့နံနက်၇နာရီက  မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူများ က Pro(1)အိမ်ဆောက်ပစ္စည်း အရောင်းဆိုင် ဝန်ထမ်းများအား လက်တွေ့ သရုပ်ပြပေးသည်။

သရုပ်ပြပေးရာ၌  အရေးပေါ်အခြေအနေတွင် မီးလောင်မှုဖြစ်ပွားပါက အရေးပေါ် မီးငြှိမ်း သတ်​ခြင်း၊ ရှာဖွေကယ်ဆယ်​ခြင်း၊ အသင့်အနေထားဖြစ်နေစေရန်သဲပုံး၊ ရေပုံးများ   မီးချိတ်၊  မီးကတ် မီးသတ်ဆေးဘူး များ ၊စနစ်တကျရှိရေးနှင့်   မီးဘေး လုံခြုံရေးဆိုင်ရာ     အသုံးအဆောင်ပစ္စည်းများ ထားရှိရေးတို့ကို ရှင်းလင်းဆွေးနွေးပေးပြီး လက်တွေ့ မီးငြှိမ်းသတ် နည်း သရုပ်ပြပေးသည်။

ထို့နောက်ဝန်ထမ်းများကသိရှိလိုသည့်မီးဘေးအန္တရာယ် ကာကွယ်ရေးအချက်များ၊ အရေးပေါ် ဆက်သွယ် အကြောင်းကြားရမည့်  ဖုန်းနံပါတ်များနှင့်   မီးသတ်ဆေးဗူး   အသုံးပြုပုံတို့ကို  မေးမြန်း ကြရာ တာဝန်ရှိ သူများက ပြန်လည် ဖြေကြားပေးကြောင်းသိရသည်။

ဇာဖြူဝင်း