ကွမ်းလုံမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်းဆောင်ရွက်ပေး

ကွမ်းလုံ       ဒီဇင်ဘာ     ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့၌ ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း လုပ်ငန်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစောသန်းမြင့်၏ ကြီးကြပ်မှုဖြင့် လက်ထောက်မြို့နယ်လဝကဦးစီးမှူး ဦးကျော်စွာတင့်နှင့် ဝန်ထမ်း များက ကွမ်းလုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်းနှင့် နမ့်ဟူးကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲတို့တွင် ပညာသင်ကြားနေသည့် အသက်(၁၆)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများအား စာရင်းကောက်ယူခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပြီး ကျား (၈) ဦး၊ မ(၁၉)ဦး၊ စုစုပေါင်း(၂၇)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိရေး ဆောင်ရွက်ပေးခဲ့ သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မေလ (၃)ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးခဲ့ရာဒီဇင်ဘာလ (၁၅)ရက် နေ့အထိ အသက်(၁၆)နှစ်နှင့်အထက် ကျား(၁၀၇၃)ဦး၊ မ(၉၆၃)ဦး စုစုပေါင်း(၂၀၃၆)ဦးတို့ ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကာ ကျန်ရှိနေသည်များကို ရုံးပိတ်ရက်မရှိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လက်ထောက်မြို့နယ်လဝကဦးစီးမှူးထံမှ သိရ သည်။

မြို့နယ်(ပြန်/ဆက်)