မိုးမောက် ဒီဇင်ဘာ ၁၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်တွင် ဝန်ထမ်းများ စာဖတ်စွမ်းရည်၊ အသိပညာဗဟုသုတနှင့် အတွေးအမြင် ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဒို့ကျေးရွာအတွဲ(၁၈) အမှတ်(၂၄)မှ ရှိန်းမြသင်းရေးသားသော "ထိန်းသိမ်းစောင့် ရှောက်ရမည့် မြန်မာ့ယဉ် ကျေးမှုနှင့် "မြတ်နိုးဖွယ်ရာဓလေ့ထုံးတမ်းများ"ဆောင်းပါးကို စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်သဲစုမိုးက ဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ထိန်းသိမ်းစောင့်ရှောက်ရမည့် မြန်မာ့ယဉ်ကျေးမှုနှင့်မြတ်နိုးဖွယ်ရာဓလေ့ထုံးတမ်းများ ဆောင်းပါးကို ဖတ်ရှုခြင်းနှင့် "စာအုပ်စာပေလူ့မိတ်ဆွေ" ဟူ၍ အဆိုရှိသည်နှင့်အညီ စာအုပ်ကို လူကချစ်မှသာလျှင် စာအုပ်က လူကိုခင်မည်ဖြစ်ကြောင်း စာဖတ်ခြင်းသည် သိရန်၊ ခံစား ရန်အတွက်ဖြစ်ပြီး သုတစာပေကိုဖတ်လျှင် အသိအမြင်ရရှိပြီး ရသစာပေကိုဖတ်လျှင် စိတ်ခံစားနိုင်မှု၊ ဦးနှောက် နှလုံးသားကို ခွန်အားတစ်ခု ဖြစ်စေကြောင်းနှင့် မိမိရိုးရာယဉ်ကျေးမှုထုံတမ်းအစဉ်အလာများကို ထိန်းသိမ်းသင့်ကြောင်းကို မိမိတို့၏အတွေး၊ အမြင်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
သဲစုမိုး