ဇမ္ဗူသီရိ ဒီဇင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာရေးဆရာ မောင်လေပြေ (တောင်တွင်း) ရေးသားသည့် “မြို့တော်သာယာရေးနှင့် အမှိုက် ပြဿနာ” ဆောင်းပါးအား စာဖတ်ဝိုင်း ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ဇမ္ဗူသီရိ မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင် (စာရေးဆရာမဇင်) က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်နီလာစိုးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မောင်လေပြေ (တောင်တွင်း) ရေးသားသည့် “မြို့တော်သာယာရေးနှင့် အမှိုက် ပြဿနာ” ဆောင်းပါးအား မောင်လေပြေ (တောင်တွင်း) က ကိုယ်တိုင်ဖတ်ကြားခဲ့ပြီး စာရေးဆရာ စိန်ဝင်းနွယ်၊ စာရေးဆရာ ဟန်ညွန့် (ယဉ်ကျေးမှု) ၊ စာရေးဆရာ ခိုင်မင်း (နေပြည်တော်)၊ စာရေးဆရာ သဘာဝ၊ စာရေးဆရာ ကိုရင်ကျော်၊ စာရေးဆရာ ရဲမွန်ကျော်၊ စာရေးဆရာအောင်ဆွေထက်(ချွေးမြို့တော်)၊ စာရေးဆရာမခင်လေး (ပြည်ထောင်စုနယ်မြေ)၊ မျိုးလေး (ကသာ) နှင့် စာပေဝါသနာရှင်များက ဆောင်းပါးပါ အကြောင်းအရာများနှင့် ပတ်သက်၍ ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်း အဖွဲ့ဝင်များ၊ နေပြည်တော်စာပေဝိုင်းအဖွဲ့မှ စာရေးဆရာများ၊ ဇမ္ဗူသီရိမြို့နယ် (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ စုစုပေါင်း (၁၇) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)