လယ်ဝေး ဒီဇင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံး Community Centreတွင် ယမန်နေ့နံနက်(၉)နာရီက Book Clubနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာ ခိုင်မင်းဆက်၏ “အိမ်မက်တွေကို ဆက်ထိန်းထားနှင့် အခြားစိတ်ခွန်အားဖြည့် ဘာသာပြန်စာများ” စာအုပ်အား စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် Book Clubဥက္ကဋ္ဌ စာရေးဆရာမ ခင်လယ်လယ်ချစ် (မြန်/ဂုဏ်)က အမှာစကားပြောကြားပြီး “အိမ်မက်တွေကို ဆက်ထိန်းထားနှင့် အခြားစိတ်ခွန်အားဖြည့် ဘာသာပြန် များ”စာအုပ်မှ “နေရာမှန်” ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။
ထို့နောက် Book Clubမှ ဦးစောလွင်က အဆိုပါစာအုပ်မှ ဆူးများစွာနှင့်ပန်းနှင်းဆီနှင့် သစ်ခုတ်သမား ပုံပြင် ခေါင်းစဉ်၊ ဦးခင်မောင်ထွန်းက ဆုပ်ကိုင်ထားသောလက်တစ်စုံ၏ စွမ်းအားခေါင်းစဉ်၊ စာပေဝါသနာရှင် မမျိုးမျိုးခိုင်က သူတစ်ပါးကို မနာကျင်ပါစေနှင့် ခေါင်းစဉ်များဖြင့်ဆွေးနွေးကြသည်။
ဆက်လက်၍ Book Club ဥက္ကဋ္ဌ စာရေးဆရာမ ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)က ခြုံငုံသုံးသပ်၍ အပြန် အလှန် ဆွေးနွေးသည်။ လယ်ဝေးမြို့နယ်ရုံးတွင် Book Clubနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ လစဉ် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်လျက်ရှိပြီး စိတ်ပါဝင်စားသူစာပေဝါသနာရှင်များအနေဖြင့် သုတ၊ရသ စာပေ များအား ပါဝင်ဆွေးနွေးနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)