ရပ်စောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ တိုင်းရင်းဆေးဆိုင်ရာအသိပညာပေး Talk Show ကျင်းပ

ရပ်စောက် ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ‌တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် တိုင်းရင်းဆေးဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းမြတ်ကျော်စိုး၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ယဉ်ယဉ်မွန်နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဆွေဇင်လတ်တို့က ဆီးချိုရောဂါနှင့် ပတ်သက်၍ ရောဂါဖြစ်ပွား ရသည့် အကြောင်းအရင်းနှင့် ရောဂါလက္ခဏာများ၊ ရောဂါခံစားနေရသည့် လူနာများအတွက် တိုင်းရင်းဆေးပညာကုထုံးများ၊ ဆီးချိုရောဂါတိုင်း စက်အသုံးပြုပုံ နည်းလမ်းများနှင့် ဆီးချိုရောဂါခံစား နေရပါက ဆောင်ရန်/ရှောင်ရန်အချက်များ စသည်တို့ကို အများပြည်သူများသိရှိနိုင်ရန် အသေးစိတ် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်စောက်မြို့နယ်ရုံးမှ ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို We Love Yatsauk Facebook Page တွင်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)