(​၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို နယ်လှည့်ကွင်းဆင်း ဟောပြောပွဲဆောင်ရွက်

ကျိုင်းတောင်း  ဒီဇင်ဘာ  ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲကို ဒီဇင်ဘာ (၁၄) ရက်နေ့တွင် အ.ထ.က(တုန်ဟုန်း) ကျောင်းနှင့် ဒီဇင်ဘာ (၁၅)ရက်နေ့တွင် အ.မ.က မူလွန် (ကွန်မုံ)ကျောင်းသို့ နယ်လှည့်ကွင်းဆင်းဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ(၁၄)ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်တွင် ကျိုင်းတောင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း(တုန်ဟုန်း)​ကျောင်းခန်းမ၌ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှ မြို့ဦးစီးမှူး ဒေါ်စန်းစန်းယဉ် လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာများကို  ရှင်းလင်း ပြောကြားခဲ့ပါကြောင်း၊ ကျိုင်းတောင်းနယ်မြေရဲစခန်းမှူး ရဲအုပ်မျိုးမြင့်အောင်မှ ယာဉ်စည်းကမ်း လမ်းစည်းကမ်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပါကြောင်း၊ လက်ထောက်မီးသတ် ဦးစီးမှူး ဦးမြင့်သန်းထက်မှ မီးဘေးအန္တရာယ်သိကောင်းစရာများကို ရှင်းလင်းပြောကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ(၁၅)ရက်နေ့ နံနက် ၉နာရီခွဲအချိန်ခန့်တွင် ကျိုင်းတောင်းမြို့ အခြေခံပညာမူလတန်း လွန်ကျောင်း(ကွန်မုံ)ကျောင်း၌ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြိုဦးစီးမှူး ဒေါ်စန်းစန်းယဉ်မှ လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာများကို  ရှင်းလင်းပြောကြားခဲ့ ကြောင်း သိရသည်။

ယင်းဟောပြောပွဲများအပြီးတွင် ကျိုင်းတောင်းနယ်မြေရဲတပ်ဖွဲ့မှ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လက်ကမ်းစာစောင်နှင့် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များကို ကျောင်းသူကျောင်းသားများအား ဖြန့်ဝေခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသော နံရံကပ်စာစောင်များ၊ နံရံကပ်ဓာတ်ပုံများကို ကျောင်းသူကျောင်းသားများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)