လဲချား ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ (၂) နာရီ အချိန်က ကျင်းပခဲ့သည်။
လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနနှင့် ပူးပေါင်း၍ တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်ရခြင်းကို မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက ရှင်းလင်းပြောကြားခဲ့ပြီး လဲချားမြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ခင်ဌေးဝင်းမှ (၁) ကျန်းမာသက်ရှည် နေရအောင် တိုင်းရင်းနည်းကိုဆောင်၊ (၂) တိုင်းရင်းဆေးပညာ အခြေခံသဘောတရားများ၊ (၃)အာဟာရမျှတအောင် နေထိုင်စားသောက်နည်း၊ (၄) ရာသီဥတုအလိုက် ဆောင်ရန်/ ရှောင်ရန်များ စသည့်အကြောင်းအရာများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (လဲချား)