ဘားအံ ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နိုင်ငံပိုင်အခန်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်များ စိစစ်သုံးသပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်ထိ (၅) နှစ်စီမံကိန်း မူဘောင်ကို ရေးဆွဲထားပြီး ပထမနှစ်ဖြစ်သော ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွက် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီနှင့် သက်ဆိုင်ရာဌာနများမှ ညှိနှိုင်းရေးဆွဲလာသည့် အဆိုပြု ချက်များ အပေါ်တွင် ပြည်နယ်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု၊ ဒေသဖွံ့ဖြိုးတိုးတက် မှုနှင့် ပြည်နယ်၏ ဦးစားပေးမူဝါဒများ အပေါ်မူတည်၍ စိစစ်သုံးသပ်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်း လုပ်ငန်းများကို တစ်ခုနှင့်တစ်ခု အချိတ်အဆက် မိမိဖြင့် ဆောင်ရွက်သွား နိုင်ဖို့လိုကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ဖြင့် ကိုက်ညီဖို့လည်းလိုကြောင်း၊ စီမံကိန်းလုပ်ငန်းများကို ထိထိရောက်ရောက်ဖြင့် ပြည်နယ် အတွက် အမှန်တကယ်လိုအပ်သည့် အချက်အလက်များကို ပေါင်းစပ်သုံးသပ် သွားမည်ဖြစ်ကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်စီမံကိန်းဦးစီးဌာနမှူး ဦးချစ်ဝေက ဌာန(၂၉)ခုမှ လုပ်ငန်းစီမံကိန်းပေါင်း ၁၅၉၁ ခု အဆိုပြုထားပြီး ထိုအထဲတွင် ၈၀ ရာခိုင်နှုန်းကျော်မှာ တည်ဆောက်ရေးလုပ်ငန်းများဖြစ်ကြောင်း ကရင်ပြည်နယ် ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နိုင်ငံပိုင်အခန်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက်လမ်း၊ တံတားနှင့်ပတ်သက်သော လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၊ နယ်စပ် ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေးဦးစီးဌာနတို့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံပိုင်အခန်း ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက် မည့် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်များကို ရှင်းလင်း တင်ပြခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ညှိနှိုင်းရေးဆွဲလာသည့် အဆိုပြုချက်များကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ ၃ ရက် တိုင်တိုင် စိစစ်သုံးသပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)