ပေါက်ကုန်းကျေးရွာနှင့် လက်ပံတစ်ပင်ကျေးရွာများမှ အိမ်ထောင်စုပေါင်း (၈၀၀)ကျော်အတွက် သောက်သုံးရေဂါလံ ၉၆၀၀ သွားရောက်လှူဒါန်း

မင်းဘူး  ဒီဇင်ဘာ  ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ပေါက်ကုန်းကျေးရွာနှင့် လက်ပံ တစ်ပင်ကျေးရွာများမှ အိမ်ထောင်စုများ သောက်သုံးရေအခက်အခဲ မဖြစ်ပေါ်စေရန်အတွက် မင်းဘူး ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ သောက်သုံးရေဂါလံ ၉၆၀၀ ကို ဝယ်ယူပြီး ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်လှူဒါန်းပေးရာတွင် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဝန်ထမ်းများက ဒေသခံပြသည်သူများ သောက်သုံးရေ အခက်အခဲမဖြစ်ပေါ်စေရန်အတွက် ပေါက်ကုန်းကျေးရွာနှင့် လက်ပံတစ်ပင်ကျေးရွာများရှိ အိမ်ထောင်စုပေါင်း (၈၁၀)မှ လူဦးရေပေါင်း (၃၄၂၀)ဦးအတွက် ရေသယ်ယာဉ်နှစ်စီးဖြင့် သောက်သုံးရေဂါလံပေါင်း (၉၆၀၀)ကို သွားရောက် လှူဒါန်းပေးခဲ့ကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်း က ပြောသည်။

မောင်မောင်(မင်းဘူး)