မိုင်းဖြတ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

မိုင်းဖြတ်   ​ဒီဇင်ဘာ   ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  စာပေချစ်မြတ်နိုးသူများအသင်း၏   “နိုင်ငံတစ်ခု ကြီးပွားခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွှဲ ၂နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် ရရှိလာမည့်စာပေအကျိုးကျေးဇူးများ၊ စာပေဗဟုသုများ၊ အချင်းချင်းရင်းနှီး ကျွမ်းဝင်မှုရှိပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ  ရရှိလာစေရန်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်   စာရေးဆရာ ဇေယျသူ ရေးသားသည့် “နိုင်ငံတစ်ခု ကြီးပွားခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ (Book Club)အဖွဲ့ အတွင်းရေးမှူး ဦးအောင်မြတ်မိုးက ဆွဲဆောင်စုဆောင်း လူသားသယံဇာတခေါင်းစဉ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့သည်။

ယင်းနောက်  စာပေချစ်မြတ်နိုးသူများအဖွဲ့ဝင် ဦးရာဇာဝင်းထွန်းက State နှင့် Market ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Book Club)အဖွဲ့အတွင်းရေးမှူး ဦးရဲသူရေအောင်က ကျန်းမာရေးနှင့် နိုင်ငံကြီးပွားခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ပြီး ခေါင်းစဉ်များအလိုက် အကြောင်းအရာပါ အချက် အလက်များကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သန်းထွန်းအေး