အမ်း ဒီဇင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် စာပေ မြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်၊ စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်စေရန်၊ အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များ မျှဝေတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒေါ်ခင်မျိုး တင် စာထောက်(၃)က ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး ဒသမတန်းကျောင်းသား မောင်ထက်ပိုင်လင်းက ဒေါက်တာထွန်းသစ် ရေးသားသည့် ရည်မှန်းချက်မှသည် အောင်မြင်မှုပန်းတိုင်ဆီသို့ စာအုပ်ထဲမှ ပြောင်းလဲလာသောခေတ်သစ် စနစ်သစ်နှင့်အတူ ယနေ့ခေတ်လူငယ်များသည် ဒီမိုကရေစီ အနာဂါတ်တိုင်းပြည်၏ မီးရှုးတန်ဆောင်များဖြစ်သည်ဟု ဆိုရပေမည်၊ လူငယ်များအနေဖြင့် အရည်အချင်းပြည့်ဝစေဖို့ အရည်အသွေးများ ကြိုးစားရမည်၊ ဝိရိယရှိရမည်၊ ဇွဲသတ္တိရှိရမည့်အပြင် ရေရည်အောင်မြင်မှုအတွက် အစဉ်ကြိုးပမ်း ဆောင်ရွက်နေကြရမည် ဖြစ်ကြောင်းကို ဖတ်ကြားဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စာအုပ်ပါ အကြောင်းအရာများကို တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်ချင်း ဖလှယ်ကာ ဆွေးနွေးခဲ့ကြသည်။
စိုးမင်းထွန်း