ကျိုက်လတ် ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကူးဆက်မှုများ မြှင့်တက်လျက်ရှိနေသည့်အတွက် မိမိတို့မြို့နယ်အတွင်း ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိရန်လိုအပ်ကြောင်း၊ COVID Positive Centre, COVID Quarantine Centre များ ကြိုတင်ပြင်ဆင်ထားရှိရေးနှင့် အသုံးအဆောင်ပစ္စည်းလိုအပ်ချက်များ ဖြည့်တင်းနိုင်ရေး ကိစ္စများ ဆွေးနွေးပြောကြားပြီး၊ ကျိုက်လတ်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ၅၇ ရာခိုင်နှုန်းကျော် ရှိပြီဖြစ်ကြောင်း၊ ကိုဗစ်ကာကွယ်ဆေး မထိုးနှံ ရသေးသည့် ကျေးရွာများ အရောက်ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေး၊ ယနေ့လက်ရှိ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးဆောင်ရွက်မှု အခြေအနေများ ကိုရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီဝင်များက COVID Positive Centre,COVID Quarantine Centreများ ကြိုတင် အသုံးအဆောင်ပစ္စည်း လိုအပ်ချက် များဖြည့်တင်းနိုင်ရေးကိစ္စများ၊ ကိုဗစ်ကာကွယ် ဆေးထိုးနှံပေးနိုင်ရေးကိစ္စနှင့်ပတ်သက်၍ တင်ပြဆွေးနွေးရာ မြို့နယ်အုပ်ချုပ်ရေး မှူးဦးကျော်ဇေယျမှ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဌေးဌေးလှိုင်
မြို့နယ်(ပြန်/ဆက်)