သရက် ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရပ်ကွက်၊ ကျေးရွာ၊ ဌာနပေါင်းစုံ အလွတ်တန်းပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကို တေဇအားကစားခန်းမ၌ ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် သရက်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင်အသင်းသားများအား လိုက်လံနှုတ်ဆက်ခဲ့သည်။
ယင်းနောက် အမှတ်-၈(ခ)အသင်းနှင့် အမှတ်-၇ အသင်းတို့၏ ယှဉ်ပြိုင်မှုအား တက်ရောက် လာသူများက အားပေး ကြည့်ရှုခဲ့ကြသည်။
ရပ်ကွက်၊ ကျေးရွာ၊ ဌာနပေါင်းစုံ အလွတ်တန်း ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲတွင် အုပ်စု(၆)ခု၊ အသင်းပေါင်း(၁၉)သင်း ပါဝင်ယှဉ်ပြိုင်ပြီး ဆုရရှိသော အသင်းများအား ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)