သတင်းများ

ညောင်ဦးမြို့ မဏိစည်သူဈေးမီးဘေးလုံခြုံရေးစစ်ဆေးဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်
Dec 25,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ရှိ၊မြို့နယ်စီပင်သာယာရေးဖွဲ့ပိုင် မဏိစည်သူ ဈေးကြီးမီးဘေးလုံခြုံရေးအတွက် ဒီဇင်ဘာ  ၂၄ရက်နေ့၊နေ့လည် ၁နာရီချိန်ခန့်က ခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင်၊မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် မဏိစည်သူဈေးကြီးအတွင်း လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများ၊ဈေး ဆိုင်ခန်းများလိုက် မီးသတ်ဆေူးဗူး ချိတ်ဆွဲထားရှိမှုအခြေအနေများ၊ရေရရှိရေးစီစဉ် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊အသင့်တပ်ဆင်ထားသော မဏိစည်သူဈေးပိုင် အပေါ့ စားမီးသတ်စက်များကြံ့ခိုင်ကောင်းမွန်မှုရှိ/မရှိနှင့်စွမ်းအားပြည့်အသုံးပြုနိုင်မှု ရှိ/မရှိ၊အခြေ အနေများ၊မီးသတ်ယာဉ်ဝင်ထွက်သွားလာနိုင်မှု အခြေအနေများနှင့်မီးသတ်ရေတိုင်ငုတ် များထားရှိမှုအခြေအနေတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦနန်းတင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးတင်မြင့်နှင့်စည်ပင်သာယာရေးဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မင်း‌နှင့်ရဲတပ်ဖွဲ့ဝင်များနှင့်အတူလှည့်လည်စစ် ဆေး၍လိုအပ်သည်များအကြံပြုဆွေးနွေးသည်။
မော်လမြိုင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးငယ်များ ကာယ၊ ဉာဏ ဖွံ့ဖြိုးရေးပြိုင်ပွဲများ ကျင်းပ
Dec 25,2021
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ်  မော်လမြိုင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးပြုစုရေးဌာနတို့ ပူးပေါင်း၍ ယနေ့ မွန်းလွဲ၂နာရီက လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင်  ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပေးကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်တွင် ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များ ၊  နှာခေါင်းစည်း Face Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် ကျန်းမာ ရေးအသိပညာပေး ပိုစတာဗီနိုင်းများ ချိတ်ဆွဲခြင်း ဆောင်ရွက်
Dec 25,2021
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များ၊  နှာခေါင်းစည်း Face Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေး ပိုစတာဗီနိုင်းများချိတ်ဆွဲခြင်းတို့ကို ဒီဇင်ဘာလ(၂၄)ရက်နေ့ ယနေ့နံနက်(၈)နာရီအချိန်ခန့်က  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှ လူစည်ကားရာနေရာ များဖြစ်သော မြို့မဈေးကြီးနှင့် ရတနာဈေး အနီးတဝိုက်နေရာများ ၊ လမ်းဘေးလ္ဘက်ရည်ဆိုင်များတွင် ဆောင်ရွက်ခဲ့ကြသည်။
ခရစ္စမတ်အခါသမယတွင် ငြိမ်းချမ်းတည်ငြိမ်သာယာဝပြောခြင်းများနှင့်ပြီးပြည့်စုံကြပါစေကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ်က ဘားအံမြို့ပေါ်ရှိ ခရစ်ယာန်အသင်းတော်(ဘုရားရှိခိုးကျောင်း)များသို့ သွားရောက်ဂါရဝပြုတွေ့ဆုံရာတွင်ပြောကြား
Dec 25,2021
ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ခရစ်ယာန်ဘာသာဝင်များနှင့် ပြည်နယ်သူ၊ ပြည်နယ်သား များအားလုံး ခရစ္စမတ်အခါသမယတွင် ငြိမ်းချမ်းတည်ငြိမ်သာယာဝပြောခြင်းများနှင့် ပြီးပြည့်စုံကြပါစေကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက   ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ ခရစ်ယာန် အသင်းတော် (ဘုရားရှိခိုးကျောင်း)များသို့ သွားရောက်ဂါရဝပြုတွေ့ဆုံရာ၌ ဆုတောင်းစကားပြောကြားသည်။
ညောင်လေးပင်မြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများအား ကွင်းဆင်းဆောင်ရွက်ပေး
Dec 25,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညောင်လေးပင်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို ဒီဇင်ဘာ လ ၂၄ ရက် နံနက် ၉ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မြို့မ(၂)ရပ်ကွက် ကြားတောရ(၂)လမ်းရှိ တပ်ဦးကျောင်းတိုက်၌ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အလုံမြို့နယ်၌ ကိုဗစ်-၁၉ ကာလနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ပေးသော ပရဟိတအသင်းများအား ဂုဏ်ပြု​ငွေနှင့် ဂုဏ်ပြုမှတ်တမ်းများ ​ပေးအပ်
Dec 25,2021
ကိုဗစ်.-၁၉ကာလနှင့် ကိုဗစ်.-၁၉ကာကွယ်ဆေး ထိုးလုပ်ငန်းစဥ်များတွင် ကူညီဆောင်ရွက်ပေးသော ပရဟိတအသင်းအား ဂုဏ်ပြု​ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှမ်များ ​ပေးအပ်ခြင်း အခမ်းအနားကို ယမန်​နေ့၊ မွန်းလွဲ(၂း၀၀) နာရီအချိန်က အလုံမြို့နယ် အမှတ်(၄) အ​ခြေခံပညာအထက်တန်း​ကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပြုလုပ်ခဲ့​ကြောင်း သိရသည်။
ရေတာရှည်မြို့တွင် အာစရိယထေရဂုဏပူဇာမင်္ဂလာ နှင့် သြဝါဒခံယူပူဇော်ပွဲကျင်းပ
Dec 25,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့တွင် ရေတာရှည် မြို့နယ်လုံးဆိုင်ရာ အာစရိယ ထေရဂုဏပူဇာမင်္ဂလာနှင့် သြဝါဒခံယူပူဇော်ပွဲအခမ်း အနားအား ယမန်နေ့ နံနက် ၉ နာရီအချိန်က ရေတာရှည်မြို့၊ အမှတ်(၁) ရပ်ကွက်ရှိ မြို့ဦးပရိယတ္တိစာသင်တိုက် ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့သည်။
ဂွမြို့၊ မြို့မရပ်ကွက် အလယ်ရွာကမ်းခြေဦးတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
Dec 25,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှလဝကမှူးနှင့် ဝန်ထမ်းများသည် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား  ယမန်နေ့ နံနက်ပိုင်းက အလယ်ရွာ  ကမ်းခြေဦးရှိ သာသနာ့သုခကာရီ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ဥပဒေနှင့်အညီ  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။