မော်လမြိုင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးငယ်များ ကာယ၊ ဉာဏ ဖွံ့ဖြိုးရေးပြိုင်ပွဲများ ကျင်းပ

မော်လမြိုင်     ဒီဇင်ဘာ     ၂၅

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ်  မော်လမြိုင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးပြုစုရေးဌာနတို့ ပူးပေါင်း၍ ယနေ့ မွန်းလွဲ၂နာရီက လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင်  ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပေးကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ကလေးငယ်များက မိမိတို့စိတ်ကြိုက် ရုပ်ပုံများဖြင့် ဆေးရောင်ခြယ်ခြင်းဖြင့် ပြိုင်ပွဲကို ကျင်းပပေးခဲ့ရာ ဆုရရှိသူ ကလေးငယ်များအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးသည်။

မော်လမြိုင်ခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်     ပြိုင်ပွဲများ ဆောင်ရွက်ပေးခြင်းသည် ကလေးငယ်များ ကာယ၊ ဉာဏ၊ စွမ်းရည်ဖွံဖြိုးတိုးတက်ပြီး စဉ်စားတွေးခေါ်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေပြီး ငယ်ရွယ်စဉ်မှစ၍ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်သည့် စိတ်ဓာတ်ကောင်းများရရှိစေရန် စသည့်ရွယ်ရည်ချက်များဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)