ညောင်ဦးမြို့ မဏိစည်သူဈေးမီးဘေးလုံခြုံရေးစစ်ဆေးဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်
Dec 25,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ရှိ၊မြို့နယ်စီပင်သာယာရေးဖွဲ့ပိုင် မဏိစည်သူ ဈေးကြီးမီးဘေးလုံခြုံရေးအတွက် ဒီဇင်ဘာ ၂၄ရက်နေ့၊နေ့လည် ၁နာရီချိန်ခန့်က ခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင်၊မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် မဏိစည်သူဈေးကြီးအတွင်း လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများ၊ဈေး ဆိုင်ခန်းများလိုက် မီးသတ်ဆေူးဗူး ချိတ်ဆွဲထားရှိမှုအခြေအနေများ၊ရေရရှိရေးစီစဉ် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊အသင့်တပ်ဆင်ထားသော မဏိစည်သူဈေးပိုင် အပေါ့ စားမီးသတ်စက်များကြံ့ခိုင်ကောင်းမွန်မှုရှိ/မရှိနှင့်စွမ်းအားပြည့်အသုံးပြုနိုင်မှု ရှိ/မရှိ၊အခြေ အနေများ၊မီးသတ်ယာဉ်ဝင်ထွက်သွားလာနိုင်မှု အခြေအနေများနှင့်မီးသတ်ရေတိုင်ငုတ် များထားရှိမှုအခြေအနေတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦနန်းတင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးတင်မြင့်နှင့်စည်ပင်သာယာရေးဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မင်းနှင့်ရဲတပ်ဖွဲ့ဝင်များနှင့်အတူလှည့်လည်စစ် ဆေး၍လိုအပ်သည်များအကြံပြုဆွေးနွေးသည်။