ကျောက်တလုံးကြီးမြို့၊ နောင်ခဲ-အထက(ခွဲ)၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေး
Dec 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ လဝကမှူးဦးဇော်မြင့် ကြီးကြပ်၍ ကျောက်တလုံးကြီးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ရှေ့တန်းရုံးမှ ဝန်ထမ်းများတို့က လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နောင်ခဲ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားစီစစ်ရေးကတ်ပြားကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။