ညောင်ဦးမြို့ မဏိစည်သူဈေးမီးဘေးလုံခြုံရေးစစ်ဆေးဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်

ညောင်ဦး  ဒီဇင်ဘာ  ၂၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ရှိ၊မြို့နယ်စီပင်သာယာရေးဖွဲ့ပိုင် မဏိစည်သူ ဈေးကြီးမီးဘေးလုံခြုံရေးအတွက် ဒီဇင်ဘာ  ၂၄ရက်နေ့၊နေ့လည် ၁နာရီချိန်ခန့်က ခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင်၊မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် မဏိစည်သူဈေးကြီးအတွင်း လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများ၊ဈေး ဆိုင်ခန်းများလိုက် မီးသတ်ဆေူးဗူး ချိတ်ဆွဲထားရှိမှုအခြေအနေများ၊ရေရရှိရေးစီစဉ် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊အသင့်တပ်ဆင်ထားသော မဏိစည်သူဈေးပိုင် အပေါ့ စားမီးသတ်စက်များကြံ့ခိုင်ကောင်းမွန်မှုရှိ/မရှိနှင့်စွမ်းအားပြည့်အသုံးပြုနိုင်မှု ရှိ/မရှိ၊အခြေ အနေများ၊မီးသတ်ယာဉ်ဝင်ထွက်သွားလာနိုင်မှု အခြေအနေများနှင့်မီးသတ်ရေတိုင်ငုတ် များထားရှိမှုအခြေအနေတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦနန်းတင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးတင်မြင့်နှင့်စည်ပင်သာယာရေးဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မင်း‌နှင့်ရဲတပ်ဖွဲ့ဝင်များနှင့်အတူလှည့်လည်စစ် ဆေး၍လိုအပ်သည်များအကြံပြုဆွေးနွေးသည်။

ထို့နောက် မြို့နယ်ဦးစီးမှူး ဦးကျော်မင်းသူမှတက်ရောက်လာသောဌာန၊ဆိုင်ရာများ၊ဈေး သူ/ဈေးသားများနှင့်ဈေးနှင့်ပတ်သတ်၍ တာဝန်ရှိသူတို့အား မီးဘေးကြိုတင်ကာကွယ် ရေးဆိုင်ရာသိပညာပေးဟောပြောခြင်း၊မီးသတ်ဆေးဗူးထိန်းသိမ်းထားသိုနည်းလမ်းနှင့် လက်တွေ့ကိုင်တွယ်အသုံးပြုခြင်းတို့အား ရှင်းလင်းပြသ၍ဆီမီးလောင်မှုအားလက်တွေ့ မီးငြိမ်းသတ်ခြင်းတို့အားဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင်ဦးဆောင်သော ခရိုင်/မြို့နယ်မီး သတ်တပ်ဖွဲ့ဝင်များ၊အမှတ်(၁)ရပ်ကွက်နှင့်အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ဈေးသီး သန့်မီးသတ်တပ်ဖွဲ့ဝင်များမှမီးငြိမ်းသတ်ယာဉ်နှစ်စီးနှင့် ဈေးအတွင်းအသင့်တပ်ဆင်ထား ရှိသော အပေါ့စားမီးသတ်စက်တို့ဖြင့် မီးငြိမ်းသတ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း တို့ဆက်လက်စုပေါင်းဆောင်ရွက်ကြရာ ညနေ ၃နာရီအချိန်တွင်ဇာတ်တိုက်လေ့ကျင့်မှုအ စီအစဉ်အားလုံးပြီးမြောက်ခဲ့ကြောင်းသိရသည်။

ကိုထိန်၊KPD