ရေနံချောင်းမြို့နယ်တွင် ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များ ၊  နှာခေါင်းစည်း Face Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် ကျန်းမာ ရေးအသိပညာပေး ပိုစတာဗီနိုင်းများ ချိတ်ဆွဲခြင်း ဆောင်ရွက်

ရေနံချောင်း    ဒီဇင်ဘာ   ၂၄

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များ၊  နှာခေါင်းစည်း Face Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေး ပိုစတာဗီနိုင်းများချိတ်ဆွဲခြင်းတို့ကို ဒီဇင်ဘာလ(၂၄)ရက်နေ့ ယနေ့နံနက်(၈)နာရီအချိန်ခန့်က  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှ လူစည်ကားရာနေရာ များဖြစ်သော မြို့မဈေးကြီးနှင့် ရတနာဈေး အနီးတဝိုက်နေရာများ ၊ လမ်းဘေးလ္ဘက်ရည်ဆိုင်များတွင် ဆောင်ရွက်ခဲ့ကြသည်။

ရေနံချောင်းမြို့မဈေးကြီးနှင့် ရတနာဈေးတို့ရှိ ဈေးရောင်းဈေးဝယ်လာ ပြည်သူများနှင့်လမ်းသွား ၊ လမ်းလာပြည်သူများ ၊ လမ်းဘေးလ္ဘက်ရည်ဆိုင်များမှ စာသုံးသူပြည်သူများကို ကျန်းမာရေး အသိပညာပေးလက်ကမ်းစာစောင် စောင်ရေ(၅၀၀)နှင့် နှာခေါင်းစည်း Face Mask အခုရေ (၂၀၀၀)တို့အား အခမဲ့ဖြန့်ဝေခြင်းနှင့် လူအများမြင်သာထင်သာရှိသော နေရာများတွင် ကျန်းမာရေး အသိပညာပေး ပိုစတာဗီနိုင်းများချိတ်ဆွဲခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကျန်းမာရေးအသိပညာပေးဆောင်ရွက်မှုတွင် ရေနံချောင်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲလင်းအောင် ဦးဆောင်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးဦးစီးဌာန ဒေါက်တာဆန်းထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းဌေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောက် ရှောက်ရေးအဖွဲ့ဝင်များ ၊ မြို့နယ်မိသားစု စည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အရံမီးသတ်တပ်ဖွဲ့ဝင်တို့က ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ငြိမ်းငြိမ်းအိ