ဒေးဒရဲမြို့ အ.ထ.က (၁ ) ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၁၆) ကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပ

ဒေးဒရဲ ဒီဇင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲ မြို့နယ် အမှတ်() အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၁၆) ကြိမ်မြောက် အာစရိယပူဇော်ပွဲကို  ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ယမန်နေ့ ကစတင် ကျင်းပခဲ့ကြောင်း သိရသည်။

အမှတ်() အခြခံပညာအထက်တန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၁၆)ကြိမ်မြောက် အာစရိယပူဇော်ပွဲတွင် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး (၁၃၁) ဦးအား တစ်ဦးလျှင် ၁၅၀၀၀၀ ကျပ်စီ ပူဇော်ကန်တော့သွားမည်ဖြစ်ပြီး ဒီဇင်ဘာ (၂၄) ရက်နေ့တွင် ဒေးဒရဲမြို့ အတွင်းရှိ ဆရာကြီး၊ ဆရာမကြီးများအား လည်းကောင်း၊ ယနေ့တွင် မြို့နှင့်အနီးပတ်ဝန်းကျင်ရှိ ဆရာကြီး၊ ဆရာမကြီးများအားလည်းကောင်း၊ ဒီဇင်ဘာ (၂၇) ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆရာကြီး၊ ဆရာမကြီးများအားလည်းကောင်း ကျောင်းသား၊ ကျောင်းသူဟောင်း များက ဆရာကြီး၊ ဆရာမကြီးများ၏ လက်ဝယ်အရောက် နေအိမ်များသို့ သွားရောက်ပူဇော်ကန်တော့ သွားမည် ဖြစ်ကြောင်း သိရသည်။

အေဇာလင်း (ပြန်/ဆက်)