သနပ်ပင်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို) စာအုပ်စာစောင်ပြပွဲကျင်းပ

သနပ်ပင်  ဒီဇင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍   (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြိုစာအုပ်စာစောင်ပြပွဲကို  ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါပြပွဲတွင် သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ညိုပြာ က  စာအုပ်စာစောင်များ ပြသပေးခြင်းမှာ  စာဖတ်ခြင်းအလေ့အထကောင်းများရရှိကာ စာကြည့်တိုက်နှင့် အကျွမ်းတဝင် ရှိလာစေရန် ပြုလုပ်ခြင်းဖြစ်ပြီး၊ လွတ်လပ်ရေးနှင့်ပတ်သက်သည့် စာအုပ်စာစောင်များ၊ သုတ၊ ရသ စာပေများ ပြသထားရာ စာပေဝါသနာရှင်များ၊ ကျောင်းသားကျောင်းသူ များက  လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)