နတ်မောက်မြို့နယ် ပန်းညိုကျေးရွာအုပ်စုရှိ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

နတ်မောက်   ဒီဇင်ဘာ        ၂၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက ပန်းညိုကျေးရွာ အခြခံပညာအထက်တန်း ကျောင်း(ခွဲ)ရှိ ကျောင်းသား/ သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိဦးမျိုးတင့်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့်    ပန်းညိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရှိ အသက် (၁၀)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ ကျား(၃၆)ဦး၊ မ(၄၂)ဦး၊ အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူကျား(၉)ဦး၊ မ(၁၄)ဦး၊ စုစုပေါင်း (၁၀၁)ဦးတို့အားနိုင်ငံသား စိစစ်ရေးကတ် များ ပြုလုပ်ပေး ခဲ့ကြောင်းသိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ရန်  ကျန်ရှိနေသည့် ကျေးရွာများသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ သင်းသင်းမြတ် ( နတ်မောက် )    

သင်းသင်းမြတ်