ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပေးအပ်ပွဲ သန်လျင်၌ ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂၅

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး (သန်လျင်)မှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးကြသည်။

ဆက်လက်၍ နိုင်ငံသားစိစစ်ရေးကတ်ပေးအပ်ပွဲကို ရတနာရှင်းသန့်ခန်းမအတွင်းကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းက အမှာစကားပြောကြားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လူမှုရေးဝန်ကြီးဦးအောင်ဝင်းသိန်း၊ ရန်ကုန်တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်းသိရသည်။

ခရိုင်